Monday, October 3, 2016

မင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး သစ် ဦးအောင်ကျော်သိန်း ၏ ရိုဟင်ဂျာလူမျိုးများအပေါ် မတရားနှိပ်စက်မှုများ။



ပြုစု တင်ပြသူ
ငါးပြူချောင်းသား
ရက်စွဲ ။   ။ ၃ . ၁၀ . ၂၀၁၆ ။







မောင်တောမြို့နယ် မင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးသစ် ဦးအောင်ကျော်သိန်း သည် အုပ်ချုပ်ရေးမှူး တာဝန် ရသည့် နေ့မှစ၍ နေ့စဉ် ညနေ ( ၆  )နာရီအချိန်ကျရင် နေအိမ်က ထွက်ခွာ၍ မင်းကြီးကျေးရွာအုပ်စု တူလာတူလီ ရှိ ရိုဟင်ဂျာရွာ သို့ တစ်ရက်မကျန်လာရောက်ပြီး ညအချိန်တွင် မည်သူ့ အိမ်မဆို တစ်စုံတရာ အကြောင်းပြချက်မရှိဘဲ ဝင်ရောက်ရှာဖွေ စစ်ဆေးခြင်း ၊ အမျိုးသမီးများကို အမျိုးမျိုးခြိမ်းခြောက်ခြင်း ၊ ယောကျ်ားများတွေ့ရင် အမျိုးမျိုး ဖန်တီးခြင်း ပြီး ရန်ရှာခြင်း၊ မဟုတ်မတရားနှိပ်စက်ခြင်း ၊အုပ်ချုပ်ရေးမှူးနေအိမ်သို့ခေါ်ယူပြီး နွားရုံထဲ၌ သွင်းထားငို့ခိုင်းလောင်ထားခြင်း၊ ပြင်းတန်သော ဒဏ်ငွေကျယူခြင်း ၊ မပေးနိုင်ပါက နေပူထဲ တွင် ထိုင်ခိုင်းခြင်း၊ မြင်းစီးခိုင်းခြင်း စသည့်အမျိုးမျိုး နှိပ်စက် နေပါသည်။ မင်းကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သိန်းသည် ယခုဆိုရင် တာဝန်ထမ်းဆောင်ရာမှာ ( ၄ ) လခန့်သာရှိပြီး ၎င်းကာလ အတွင်း ရိုဟင်ဂျာ လူဦးရေ ( ၇၀ )ကျော်ခန့်ကို မဟုတ်မတရား နှိပ်စက်ပြီး မတတ်နိုင်သည့် ပြင်းတန်သော ဒဏ်ငွေကျခံရသည့် အနက်မှ လောလောဆယ် အောက်ဖော်ပြပါသူများ၏ အကျိုး အကြောင်းများသာ တင်ပြနေပါသည်။

၁။ ဦး အာလီဟူဆောန် ( ဘ )ဦးမော်တီရာမာန်၏ သား အသက်( ၁၄ ) ခန့်အရွယ်ကလေးသည် တရားမဝင် ပေါင်းသင်းခဲ့သည်ဟုဆိုပြီး အကွက်ဆင်၍ ငွေ ( ၅၀၀၀၀၀ )ငါးသိန်းကျပ် ညှစ်ယူခဲ့သည် ။ အမျိုးသမီးမှာ တစ်စုံတရာ တိုင်တန်းခြင်းမရှိ ၊ ကိုယ်ဝန်ဖြစ်ပွားမှုမရှိ ပါလျက် ၎င်းအုပ်ချုပ်ရေးမှူးက အတင်းငွေပေးခိုင်းပြီး မဖြစ်ပွား မလိုအပ်သည့် ပြဿနာ တစ်ခုအား နှစ်ဘက်သဘောတူ စာချုပ်တစ်ခု ပေးထားသည်။

၂။ ၁၂ . ၉ . ၂၀၁၆ ရက်နေ့ ညနေ ၄ နာရီ ခန့်အချိန်တွင် ဦးမေရ်အာလီ( ဘ  ) ဦး ကာဆိမ်းအာလီ သည် ကြိမ်းချောင်းက ဈေးပြုပြန်လာစဉ် လမ်းတစ်ပိုင်းမှာ ဖမ်း၍ မာမတ်ရော်ဖိတ်၏ ဈေးဆိုင် တွင်လောင်ထားကာ အလွန်တရာရိုက်နှက်နှိပ်စက်ခဲ့ပြီး မည်ဆိုတစ်ဦးတစ်ယောက်ကမှ တိုင်တန်းခြင်းမရှိဘဲ ငွေ(၁၅၀၀၀၀ ) တစ်သိန်းငါးသောင်းကျပ်ယူပြီး ည( ၁၁ )နာရီခန့် အချိန်တွင် ပြလွှတ်ခဲ့သည်။

၃။ ဦးမော်ဆောန်အာလီ ( ဘ )ဦးအာဘူလူဆောင်း၏ နေအိမ်မွမ်းမံ ပြင်ဆင်ခွင့် ယူပေးပါမည်ဟုဆိုပြီး ငွေ ( ၂၈၀၀၀၀) ကျပ်ယူကာ နေအိမ်မွမ်းမံပြုပြင်ခွင့်လည်း ယူမပေးသည့် အပြင် ဆဲဆိုစော်ကားနေပါသည်။

၄။ ဦးအေနာတူရာမာန် ( ဘ )ဦးဇာဖော့ရ်အာလောမ်၏ နေအိမ်ဆောက်လုပ်ရန် ခွင့်ပြုချက်ထုတ်ယူပေးပါမည်ဟုဆိုပြီး ငွေ ( ၂၅၀၀၀၀ ) နှစ်သိန်းငါးသောင်းကျပ် ယူကာ ခွင့်ပြုချက်ကိုလည်း ယူပေးခြင်းမရှိဘဲ တစ်ဖန် လာဆဲဆိုစော်ကားနေပါသည်။

၅။ ဦး နူရ်ဟူးဒါး ( ဘ ) ဦးဆူးရာလီ လယ်မြေဝယ်ယူပြီး လက်ရှိလက်ငုတ် အကျိုးခံစားလာသောလယ်မြေကို နောက်ရွာသားတစ်ဦးနှင့် ပြဿနာဖန်တီးပေးပြီး နယ်ခြားစောင့်တပ်ဖွဲ့ နှင့် လိုက်လံ ၍ အမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေ ( ၄၀၀၀၀၀ ) လေးသိန်းကျပ်ယူထားလျက်ရှိပါသည်။

၆။ ၁၅ . ၉ . ၂၀၁၆ ရက်နေ့ ည( ၈ )နာရီခန့် အချိန်တွင် တူလာတူလီရွာနေ ဦးကော်ဘီရ်ဟူဆောန် ( ဘ ) ဦးရှိးကန့်ဒေါရ့်၏သား မာမတ်ဟို့ဘိုက် ထံမှ မည်ဆိုတစ်ဦးမှ တိုင်တန်းခြင်းမရှိဘဲ ည ၈ နာရီအချိန်ခန့် တွင် ဦးနူရူလ်အာမီန် ၏ ဈေးဆိုင်နားတွင် ( ၁ ) နာရီကျော်ငုတ်တုတ် ထိုင်ခိုင်း၍ ငွေ ( ၁၅၀၀၀၀ ) တစ်သိန်းငါးသောင်းကျပ် ယူထားလျက်ရှိပါသည်။

၇။ မင်းကြီးကျေးရွာအုပ်စု တူလာတူလီရွာနေ ဦးဂူရီန်နာ ( ခ ) ဆွေယောဒူလ်အီစ္စာလာမ် ( ဘ ) ဦးအာဘူလာရှိမ်း သည် ၁၃ . ၉ . ၂၀၁၆ ရက်နေ့ ည ၉ နာရီ အချိန်ခန့် တွင် မြန်မာ နိုင်ငံရဲ့ ဆိမ်ကဒ်ပါသော ဖုန်းတစ်လုံးကိုင်ဆောင်လာစဉ် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ သည် ၎င်း၏ဖုန်းကို ကြည့်မည်ဟုဆိုကာ ဘင်္ဂလားဆိမ်းကဒ် တစ်ကဒ် အား ဖုန်းမှကျ ကဲ့သို့ဟန်ဆောင်ကောက်ယူပြီး အဆိုပါ ဂူရီန်နာ ၏ ဆိမ်းကဒ် ဟု စွပ်စွဲ ပြောဆို၍ ငွေ ( ၅၀၀၀၀၀ ) ငါးသိန်းကျပ်တောင်းနေပါသည်။ ၎င်းသူသည် အလွန်ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်၍ တောင်းခံသောငွေကို မပေးနိုင်သောကြောင့် လိုက်လံရှာဖွေ၍ သူသည်ရွာက တိမ်းရှောင်နေရခြင်းဖြစ်ပါသည်။ ၎င်းသူ၏ မိသားစုများ ယခုအခါ တွင် စားဝတ်နေရေး အလွန် ဒုက္ခခံစားနေရခြင်းဖြစ်ပါသည်။

၈ ။ မင်းကြီးကျေးရွာ၊အုပ်စု တူလာတူလီ ရွာနေ ဦး ဒေါ်ရ်ဘာရှ်အာလီ ( ဘ ) ဦး အာရှော်ရော်မျာသည် လွန်ခဲ့သော ၃နှစ်ခန့်က တစ်ရွာတည်းနေ ဦးရော်ကိမူလ္လာ ( ဘ ) ဦးအာဒူဆာလာမ် ထံမှ တရားဝင်ဝယ်ယူထားလယ်မြေ ( ဝ.၄၀ ) ဧက ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သိန်းမှ လိုလားနေ၍ ဦးဒေါ်ရ်ဘေရှ်အာလီ ကိုအုပ်ချုပ်ရေးမှူး နေအိမ်သို့ ခေါ်ပြီး နေပူထဲ တစ်ရက်လုံး ထိုင်ခိုင်းပြီး ငွေ ( ရ၀၀၀၀) ခုနှစ်သောင်း ကျပ် အတင်းယူပြီး ၎င်းလယ်မြေ ( ဝ.၄၀ ) ဧက အပေါ် မကျူးကျော် ရန် စာရွက် ဖြူအလွတ်ပေါ်တွင် လက်မှတ်ထိုးယူထားလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ မင်းကြီးကျေးရွာ အုပ်ချုပ်ရေမှူး သစ် ဦးအောင်ကျော်သိန်း ၏ ရိုဟင်ဂျာ လူမျိုး အပေါ် ဖိနှိပ်ရက်စက်မှုများကြောင့် မင်းကြီးကျေးရွာအုပ်စု ၊ တူလာတူလီရွာသားများသည် ရွာမှ ထွက်ပြေးရမည့် အခြေအနေအထိ ရှိနေပါ၍ နီးစပ်ရာ သက်ဆိုင်ရာ ဌာနများသို့ တိုင်တန်းမည့် ဆိုလျှင်လည်း အုပ်ချုပ်ရေးမှူးနှင့်နိုင်မည်မဟုတ်ကြောင်း ၊ ပို၍ မတရားနှိပ်စက်မည်ကို စိုးရိမ်မကင်း ုဖြစ်နေပါသဖြင့် အထက်လူကြီးများက သိရှိနိုင်ပါရန်နှင့် လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန် ရိုသေလေးစားစွာဖြင့် တင်ပြအပ်ပါသည်။

No comments:

Post a Comment