ျပဳစု တင္ျပသူ
ငါးျပဴေခ်ာင္းသား
ရက္စြဲ ။ ။ ၃ . ၁၀ . ၂၀၁၆ ။
ေမာင္ေတာၿမိဳ႕နယ္ မင္းႀကီးေက်းရြာအုပ္ခ်ဳပ္ေရးမႉးသစ္ ဦးေအာင္ေက်ာ္သိန္း သည္ အုပ္ခ်ဳပ္ေရးမႉး တာဝန္ ရသည့္ ေန႔မွစ၍ ေန႔စဥ္ ညေန ( ၆ )နာရီအခ်ိန္က်ရင္ ေနအိမ္က ထြက္ခြာ၍ မင္းႀကီးေက်းရြာအုပ္စု တူလာတူလီ ရွိ ရိုဟင္ဂ်ာရြာ သို႔ တစ္ရက္မက်န္လာေရာက္ၿပီး ညအခ်ိန္တြင္ မည္သူ႔ အိမ္မဆို တစ္စံုတရာ အေၾကာင္းျပခ်က္မရွိဘဲ ဝင္ေရာက္ရွာေဖြ စစ္ေဆးျခင္း ၊ အမ်ဳိးသမီးမ်ားကို အမ်ိဳးမ်ိဳးၿခိမ္းေျခာက္ျခင္း ၊ ေယာက်္ားမ်ားေတြ႕ရင္ အမ်ိဳးမ်ိဳး ဖန္တီးျခင္း ၿပီး ရန္ရွာျခင္း၊ မဟုတ္မတရားႏွိပ္စက္ျခင္း ၊အုပ္ခ်ဳပ္ေရးမႉးေနအိမ္သို႔ေခၚယူၿပီး ႏြားရံုထဲ၌ သြင္းထားငို႔ခိုင္းေလာင္ထားျခင္း၊ ျပင္းတန္ေသာ ဒဏ္ေငြက်ယူျခင္း ၊ မေပးႏိုင္ပါက ေနပူထဲ တြင္ ထိုင္ခိုင္းျခင္း၊ ျမင္းစီးခိုင္းျခင္း စသည့္အမ်ိဳးမ်ိဳး ႏွိပ္စက္ ေနပါသည္။ မင္းႀကီးအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေက်ာ္သိန္းသည္ ယခုဆိုရင္ တာဝန္ထမ္းေဆာင္ရာမွာ ( ၄ ) လခန္႔သာရွိၿပီး ၎ကာလ အတြင္း ရိုဟင္ဂ်ာ လူဦးေရ ( ၇၀ )ေက်ာ္ခန္႔ကို မဟုတ္မတရား ႏွိပ္စက္ၿပီး မတတ္ႏိုင္သည့္ ျပင္းတန္ေသာ ဒဏ္ေငြက်ခံရသည့္ အနက္မွ ေလာေလာဆယ္ ေအာက္ေဖာ္ျပပါသူမ်ား၏ အက်ိဳး အေၾကာင္းမ်ားသာ တင္ျပေနပါသည္။
၁။ ဦး အာလီဟူေဆာန္ ( ဘ )ဦးေမာ္တီရာမာန္၏ သား အသက္( ၁၄ ) ခန္႔အရြယ္ကေလးသည္ တရားမဝင္ ေပါင္းသင္းခဲ့သည္ဟုဆိုၿပီး အကြက္ဆင္၍ ေငြ ( ၅၀၀၀၀၀ )ငါးသိန္းက်ပ္ ညႇစ္ယူခဲ့သည္ ။ အမ်ိဳးသမီးမွာ တစ္စံုတရာ တိုင္တန္းျခင္းမရွိ ၊ ကိုယ္ဝန္ျဖစ္ပြားမႈမရွိ ပါလ်က္ ၎အုပ္ခ်ဳပ္ေရးမႉးက အတင္းေငြေပးခိုင္းၿပီး မျဖစ္ပြား မလိုအပ္သည့္ ျပႆနာ တစ္ခုအား ႏွစ္ဘက္သေဘာတူ စာခ်ဳပ္တစ္ခု ေပးထားသည္။
၂။ ၁၂ . ၉ . ၂၀၁၆ ရက္ေန႔ ညေန ၄ နာရီ ခန္႔အခ်ိန္တြင္ ဦးေမရ္အာလီ( ဘ ) ဦး ကာဆိမ္းအာလီ သည္ ႀကိမ္းေခ်ာင္းက ေစ်းျပဳျပန္လာစဥ္ လမ္းတစ္ပိုင္းမွာ ဖမ္း၍ မာမတ္ေရာ္ဖိတ္၏ ေစ်းဆိုင္ တြင္ေလာင္ထားကာ အလြန္တရာရိုက္ႏွက္ႏွိပ္စက္ခဲ့ၿပီး မည္ဆိုတစ္ဦးတစ္ေယာက္ကမွ တိုင္တန္းျခင္းမရွိဘဲ ေငြ(၁၅၀၀၀၀ ) တစ္သိန္းငါးေသာင္းက်ပ္ယူၿပီး ည( ၁၁ )နာရီခန္႔ အခ်ိန္တြင္ ျပလႊတ္ခဲ့သည္။
၃။ ဦးေမာ္ေဆာန္အာလီ ( ဘ )ဦးအာဘူလူေဆာင္း၏ ေနအိမ္မြမ္းမံ ျပင္ဆင္ခြင့္ ယူေပးပါမည္ဟုဆိုၿပီး ေငြ ( ၂၈၀၀၀၀) က်ပ္ယူကာ ေနအိမ္မြမ္းမံျပဳျပင္ခြင့္လည္း ယူမေပးသည့္ အျပင္ ဆဲဆိုေစာ္ကားေနပါသည္။
၄။ ဦးေအနာတူရာမာန္ ( ဘ )ဦးဇာေဖာ့ရ္အာေလာမ္၏ ေနအိမ္ေဆာက္လုပ္ရန္ ခြင့္ျပဳခ်က္ထုတ္ယူေပးပါမည္ဟုဆိုၿပီး ေငြ ( ၂၅၀၀၀၀ ) ႏွစ္သိန္းငါးေသာင္းက်ပ္ ယူကာ ခြင့္ျပဳခ်က္ကိုလည္း ယူေပးျခင္းမရွိဘဲ တစ္ဖန္ လာဆဲဆိုေစာ္ကားေနပါသည္။
၅။ ဦး ႏူရ္ဟူးဒါး ( ဘ ) ဦးဆူးရာလီ လယ္ေျမဝယ္ယူၿပီး လက္ရွိလက္ငုတ္ အက်ိဳးခံစားလာေသာလယ္ေျမကို ေနာက္ရြာသားတစ္ဦးႏွင့္ ျပႆနာဖန္တီးေပးၿပီး နယ္ျခားေစာင့္တပ္ဖြဲ႕ ႏွင့္ လိုက္လံ ၍ အမ်ိဳးမ်ိဳး ၿခိမ္းေျခာက္ၿပီး ေငြ ( ၄၀၀၀၀၀ ) ေလးသိန္းက်ပ္ယူထားလ်က္ရွိပါသည္။
၆။ ၁၅ . ၉ . ၂၀၁၆ ရက္ေန႔ ည( ၈ )နာရီခန္႔ အခ်ိန္တြင္ တူလာတူလီရြာေန ဦးေကာ္ဘီရ္ဟူေဆာန္ ( ဘ ) ဦးရွိးကန္႔ေဒါရ္႕၏သား မာမတ္ဟို႔ဘိုက္ ထံမွ မည္ဆိုတစ္ဦးမွ တိုင္တန္းျခင္းမရွိဘဲ ည ၈ နာရီအခ်ိန္ခန္႔ တြင္ ဦးႏူရူလ္အာမီန္ ၏ ေစ်းဆိုင္နားတြင္ ( ၁ ) နာရီေက်ာ္ငုတ္တုတ္ ထိုင္ခိုင္း၍ ေငြ ( ၁၅၀၀၀၀ ) တစ္သိန္းငါးေသာင္းက်ပ္ ယူထားလ်က္ရွိပါသည္။
၇။ မင္းႀကီးေက်းရြာအုပ္စု တူလာတူလီရြာေန ဦးဂူရီန္နာ ( ခ ) ေဆြေယာဒူလ္အီစၥာလာမ္ ( ဘ ) ဦးအာဘူလာရွိမ္း သည္ ၁၃ . ၉ . ၂၀၁၆ ရက္ေန႔ ည ၉ နာရီ အခ်ိန္ခန္႔ တြင္ ျမန္မာ ႏိုင္ငံရဲ႕ ဆိမ္ကဒ္ပါေသာ ဖုန္းတစ္လံုးကိုင္ေဆာင္လာစဥ္ အုပ္ခ်ဳပ္ေရးမႉး ႏွင့္အဖြဲ႕ သည္ ၎၏ဖုန္းကို ၾကည့္မည္ဟုဆိုကာ ဘဂၤလားဆိမ္းကဒ္ တစ္ကဒ္ အား ဖုန္းမွက် ကဲ့သို႔ဟန္ေဆာင္ေကာက္ယူၿပီး အဆိုပါ ဂူရီန္နာ ၏ ဆိမ္းကဒ္ ဟု စြပ္စြဲ ေျပာဆို၍ ေငြ ( ၅၀၀၀၀၀ ) ငါးသိန္းက်ပ္ေတာင္းေနပါသည္။ ၎သူသည္ အလြန္ဆင္းရဲႏြမ္းပါးသူ တစ္ဦးျဖစ္၍ ေတာင္းခံေသာေငြကို မေပးႏိုင္ေသာေၾကာင့္ လိုက္လံရွာေဖြ၍ သူသည္ရြာက တိမ္းေရွာင္ေနရျခင္းျဖစ္ပါသည္။ ၎သူ၏ မိသားစုမ်ား ယခုအခါ တြင္ စားဝတ္ေနေရး အလြန္ ဒုကၡခံစားေနရျခင္းျဖစ္ပါသည္။
၈ ။ မင္းႀကီးေက်းရြာ၊အုပ္စု တူလာတူလီ ရြာေန ဦး ေဒၚရ္ဘာရွ္အာလီ ( ဘ ) ဦး အာေရွာ္ေရာ္မ်ာသည္ လြန္ခဲ့ေသာ ၃ႏွစ္ခန္႔က တစ္ရြာတည္းေန ဦးေရာ္ကိမူလႅာ ( ဘ ) ဦးအာဒူဆာလာမ္ ထံမွ တရားဝင္ဝယ္ယူထားလယ္ေျမ ( ၀.၄၀ ) ဧက ကို ေက်းရြာ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေက်ာ္သိန္းမွ လိုလားေန၍ ဦးေဒၚရ္ေဘရွ္အာလီ ကိုအုပ္ခ်ဳပ္ေရးမႉး ေနအိမ္သို႔ ေခၚၿပီး ေနပူထဲ တစ္ရက္လံုး ထိုင္ခိုင္းၿပီး ေငြ ( ရ၀၀၀၀) ခုႏွစ္ေသာင္း က်ပ္ အတင္းယူၿပီး ၎လယ္ေျမ ( ၀.၄၀ ) ဧက အေပၚ မက်ဴးေက်ာ္ ရန္ စာရြက္ ျဖဴအလြတ္ေပၚတြင္ လက္မွတ္ထိုးယူထားလ်က္ရွိပါသည္။
သို႔ျဖစ္ပါ၍ မင္းႀကီးေက်းရြာ အုပ္ခ်ဳပ္ေရမႉး သစ္ ဦးေအာင္ေက်ာ္သိန္း ၏ ရိုဟင္ဂ်ာ လူမ်ိဳး အေပၚ ဖိႏွိပ္ရက္စက္မႈမ်ားေၾကာင့္ မင္းႀကီးေက်းရြာအုပ္စု ၊ တူလာတူလီရြာသားမ်ားသည္ ရြာမွ ထြက္ေျပးရမည့္ အေျခအေနအထိ ရွိေနပါ၍ နီးစပ္ရာ သက္ဆိုင္ရာ ဌာနမ်ားသို႔ တိုင္တန္းမည့္ ဆိုလၽွင္လည္း အုပ္ခ်ဳပ္ေရးမႉးႏွင့္ႏိုင္မည္မဟုတ္ေၾကာင္း ၊ ပို၍ မတရားႏွိပ္စက္မည္ကို စိုးရိမ္မကင္း ုျဖစ္ေနပါသျဖင့္ အထက္လူႀကီးမ်ားက သိရွိႏိုင္ပါရန္ႏွင့္ လိုအပ္သလို ေဆာင္ရြက္ေပးႏိုင္ပါရန္ ရိုေသေလးစားစြာျဖင့္ တင္ျပအပ္ပါသည္။
RT News
Unicode Vision
မင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး သစ် ဦးအောင်ကျော်သိန်း ၏ ရိုဟင်ဂျာလူအပေါ် မတရားနှိပ်စက်မှုများ။
ပြုစု တင်ပြသူ
ငါးပြူချောင်းသား
ရက်စွဲ ။ ။ ၃ . ၁၀ . ၂၀၁၆ ။

မောင်တောမြို့နယ် မင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးသစ် ဦးအောင်ကျော်သိန်း သည် အုပ်ချုပ်ရေးမှူး တာဝန် ရသည့် နေ့မှစ၍ နေ့စဉ် ညနေ ( ၆ )နာရီအချိန်ကျရင် နေအိမ်က ထွက်ခွာ၍ မင်းကြီးကျေးရွာအုပ်စု တူလာတူလီ ရှိ ရိုဟင်ဂျာရွာ သို့ တစ်ရက်မကျန်လာရောက်ပြီး ညအချိန်တွင် မည်သူ့ အိမ်မဆို တစ်စုံတရာ အကြောင်းပြချက်မရှိဘဲ ဝင်ရောက်ရှာဖွေ စစ်ဆေးခြင်း ၊ အမျိုးသမီးများကို အမျိုးမျိုးခြိမ်းခြောက်ခြင်း ၊ ယောကျ်ားများတွေ့ရင် အမျိုးမျိုး ဖန်တီးခြင်း ပြီး ရန်ရှာခြင်း၊ မဟုတ်မတရားနှိပ်စက်ခြင်း ၊အုပ်ချုပ်ရေးမှူးနေအိမ်သို့ခေါ်ယူပြီး နွားရုံထဲ၌ သွင်းထားငို့ခိုင်းလောင်ထားခြင်း၊ ပြင်းတန်သော ဒဏ်ငွေကျယူခြင်း ၊ မပေးနိုင်ပါက နေပူထဲ တွင် ထိုင်ခိုင်းခြင်း၊ မြင်းစီးခိုင်းခြင်း စသည့်အမျိုးမျိုး နှိပ်စက် နေပါသည်။ မင်းကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သိန်းသည် ယခုဆိုရင် တာဝန်ထမ်းဆောင်ရာမှာ ( ၄ ) လခန့်သာရှိပြီး ၎င်းကာလ အတွင်း ရိုဟင်ဂျာ လူဦးရေ ( ၇၀ )ကျော်ခန့်ကို မဟုတ်မတရား နှိပ်စက်ပြီး မတတ်နိုင်သည့် ပြင်းတန်သော ဒဏ်ငွေကျခံရသည့် အနက်မှ လောလောဆယ် အောက်ဖော်ပြပါသူများ၏ အကျိုး အကြောင်းများသာ တင်ပြနေပါသည်။
၁။ ဦး အာလီဟူဆောန် ( ဘ )ဦးမော်တီရာမာန်၏ သား အသက်( ၁၄ ) ခန့်အရွယ်ကလေးသည် တရားမဝင် ပေါင်းသင်းခဲ့သည်ဟုဆိုပြီး အကွက်ဆင်၍ ငွေ ( ၅၀၀၀၀၀ )ငါးသိန်းကျပ် ညှစ်ယူခဲ့သည် ။ အမျိုးသမီးမှာ တစ်စုံတရာ တိုင်တန်းခြင်းမရှိ ၊ ကိုယ်ဝန်ဖြစ်ပွားမှုမရှိ ပါလျက် ၎င်းအုပ်ချုပ်ရေးမှူးက အတင်းငွေပေးခိုင်းပြီး မဖြစ်ပွား မလိုအပ်သည့် ပြဿနာ တစ်ခုအား နှစ်ဘက်သဘောတူ စာချုပ်တစ်ခု ပေးထားသည်။
၂။ ၁၂ . ၉ . ၂၀၁၆ ရက်နေ့ ညနေ ၄ နာရီ ခန့်အချိန်တွင် ဦးမေရ်အာလီ( ဘ ) ဦး ကာဆိမ်းအာလီ သည် ကြိမ်းချောင်းက ဈေးပြုပြန်လာစဉ် လမ်းတစ်ပိုင်းမှာ ဖမ်း၍ မာမတ်ရော်ဖိတ်၏ ဈေးဆိုင် တွင်လောင်ထားကာ အလွန်တရာရိုက်နှက်နှိပ်စက်ခဲ့ပြီး မည်ဆိုတစ်ဦးတစ်ယောက်ကမှ တိုင်တန်းခြင်းမရှိဘဲ ငွေ(၁၅၀၀၀၀ ) တစ်သိန်းငါးသောင်းကျပ်ယူပြီး ည( ၁၁ )နာရီခန့် အချိန်တွင် ပြလွှတ်ခဲ့သည်။
၃။ ဦးမော်ဆောန်အာလီ ( ဘ )ဦးအာဘူလူဆောင်း၏ နေအိမ်မွမ်းမံ ပြင်ဆင်ခွင့် ယူပေးပါမည်ဟုဆိုပြီး ငွေ ( ၂၈၀၀၀၀) ကျပ်ယူကာ နေအိမ်မွမ်းမံပြုပြင်ခွင့်လည်း ယူမပေးသည့် အပြင် ဆဲဆိုစော်ကားနေပါသည်။
၄။ ဦးအေနာတူရာမာန် ( ဘ )ဦးဇာဖော့ရ်အာလောမ်၏ နေအိမ်ဆောက်လုပ်ရန် ခွင့်ပြုချက်ထုတ်ယူပေးပါမည်ဟုဆိုပြီး ငွေ ( ၂၅၀၀၀၀ ) နှစ်သိန်းငါးသောင်းကျပ် ယူကာ ခွင့်ပြုချက်ကိုလည်း ယူပေးခြင်းမရှိဘဲ တစ်ဖန် လာဆဲဆိုစော်ကားနေပါသည်။
၅။ ဦး နူရ်ဟူးဒါး ( ဘ ) ဦးဆူးရာလီ လယ်မြေဝယ်ယူပြီး လက်ရှိလက်ငုတ် အကျိုးခံစားလာသောလယ်မြေကို နောက်ရွာသားတစ်ဦးနှင့် ပြဿနာဖန်တီးပေးပြီး နယ်ခြားစောင့်တပ်ဖွဲ့ နှင့် လိုက်လံ ၍ အမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေ ( ၄၀၀၀၀၀ ) လေးသိန်းကျပ်ယူထားလျက်ရှိပါသည်။
၆။ ၁၅ . ၉ . ၂၀၁၆ ရက်နေ့ ည( ၈ )နာရီခန့် အချိန်တွင် တူလာတူလီရွာနေ ဦးကော်ဘီရ်ဟူဆောန် ( ဘ ) ဦးရှိးကန့်ဒေါရ့်၏သား မာမတ်ဟို့ဘိုက် ထံမှ မည်ဆိုတစ်ဦးမှ တိုင်တန်းခြင်းမရှိဘဲ ည ၈ နာရီအချိန်ခန့် တွင် ဦးနူရူလ်အာမီန် ၏ ဈေးဆိုင်နားတွင် ( ၁ ) နာရီကျော်ငုတ်တုတ် ထိုင်ခိုင်း၍ ငွေ ( ၁၅၀၀၀၀ ) တစ်သိန်းငါးသောင်းကျပ် ယူထားလျက်ရှိပါသည်။
၇။ မင်းကြီးကျေးရွာအုပ်စု တူလာတူလီရွာနေ ဦးဂူရီန်နာ ( ခ ) ဆွေယောဒူလ်အီစ္စာလာမ် ( ဘ ) ဦးအာဘူလာရှိမ်း သည် ၁၃ . ၉ . ၂၀၁၆ ရက်နေ့ ည ၉ နာရီ အချိန်ခန့် တွင် မြန်မာ နိုင်ငံရဲ့ ဆိမ်ကဒ်ပါသော ဖုန်းတစ်လုံးကိုင်ဆောင်လာစဉ် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ သည် ၎င်း၏ဖုန်းကို ကြည့်မည်ဟုဆိုကာ ဘင်္ဂလားဆိမ်းကဒ် တစ်ကဒ် အား ဖုန်းမှကျ ကဲ့သို့ဟန်ဆောင်ကောက်ယူပြီး အဆိုပါ ဂူရီန်နာ ၏ ဆိမ်းကဒ် ဟု စွပ်စွဲ ပြောဆို၍ ငွေ ( ၅၀၀၀၀၀ ) ငါးသိန်းကျပ်တောင်းနေပါသည်။ ၎င်းသူသည် အလွန်ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်၍ တောင်းခံသောငွေကို မပေးနိုင်သောကြောင့် လိုက်လံရှာဖွေ၍ သူသည်ရွာက တိမ်းရှောင်နေရခြင်းဖြစ်ပါသည်။ ၎င်းသူ၏ မိသားစုများ ယခုအခါ တွင် စားဝတ်နေရေး အလွန် ဒုက္ခခံစားနေရခြင်းဖြစ်ပါသည်။
၈ ။ မင်းကြီးကျေးရွာ၊အုပ်စု တူလာတူလီ ရွာနေ ဦး ဒေါ်ရ်ဘာရှ်အာလီ ( ဘ ) ဦး အာရှော်ရော်မျာသည် လွန်ခဲ့သော ၃နှစ်ခန့်က တစ်ရွာတည်းနေ ဦးရော်ကိမူလ္လာ ( ဘ ) ဦးအာဒူဆာလာမ် ထံမှ တရားဝင်ဝယ်ယူထားလယ်မြေ ( ဝ.၄၀ ) ဧက ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သိန်းမှ လိုလားနေ၍ ဦးဒေါ်ရ်ဘေရှ်အာလီ ကိုအုပ်ချုပ်ရေးမှူး နေအိမ်သို့ ခေါ်ပြီး နေပူထဲ တစ်ရက်လုံး ထိုင်ခိုင်းပြီး ငွေ ( ရ၀၀၀၀) ခုနှစ်သောင်း ကျပ် အတင်းယူပြီး ၎င်းလယ်မြေ ( ဝ.၄၀ ) ဧက အပေါ် မကျူးကျော် ရန် စာရွက် ဖြူအလွတ်ပေါ်တွင် လက်မှတ်ထိုးယူထားလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ မင်းကြီးကျေးရွာ အုပ်ချုပ်ရေမှူး သစ် ဦးအောင်ကျော်သိန်း ၏ ရိုဟင်ဂျာ လူမျိုး အပေါ် ဖိနှိပ်ရက်စက်မှုများကြောင့် မင်းကြီးကျေးရွာအုပ်စု ၊ တူလာတူလီရွာသားများသည် ရွာမှ ထွက်ပြေးရမည့် အခြေအနေအထိ ရှိနေပါ၍ နီးစပ်ရာ သက်ဆိုင်ရာ ဌာနများသို့ တိုင်တန်းမည့် ဆိုလျှင်လည်း အုပ်ချုပ်ရေးမှူးနှင့်နိုင်မည်မဟုတ်ကြောင်း ၊ ပို၍ မတရားနှိပ်စက်မည်ကို စိုးရိမ်မကင်း ုဖြစ်နေပါသဖြင့် အထက်လူကြီးများက သိရှိနိုင်ပါရန်နှင့် လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန် ရိုသေလေးစားစွာဖြင့် တင်ပြအပ်ပါသည်။

No comments:
Post a Comment