Saturday, August 27, 2016
အမေရိကန်နိုင်ငံသားတဦးမှ မြန်မာနိုင်ငံအစိုးရအား ဝေဖန်ခြင်း
RT News
27 Aug 2016 .
ရခိုင်ပြည်နယ်အရေးနှင့် ပါတ်သက်၍  နိုင်ငံတကာမှ ပုဂ္ဂိုလ်တွေကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ သည် ။  ထို့ ကြောင့် ဤသည်ကို ရခိုင်အမျိုးသားပါတီက ကွန့် ကွက်သည် ။ ပြည်ခိုင်ဖြိုးပါတီက ကန့် ကွက်သည် ။ အမျိုးသားဒီမိုကရေစီအင်အားစုအဖွဲ့ က ကန့် ကွက်သည် ။ ကန့် ကွက်သော ဤအဖွဲ့ အစည်းတို့ မှာ မြန်မာနိုင်ငံအတွင်း၌ အင်အားအကြီးမားဆုံး ဖြစ်သည် ။
သူတို့ နောက်တွင် ပြည်သူတွေ ရှိနေသည် ။
ဆရာတော်ရဟန်းင်္သဃာတော်များကမူ ယခုအချိန်ထိ ကန့် ကွက်စာ မထုတ်ပြန်ကြသေး ။
မည်သို့ ပင်ဆိုစေ မြန်မာနိုင်ငံအစိုးရ၏ ယခုလုပ်ရပ်သည် မိမိတို့ ပြည်တွင်းရေးကို မနိုင်မနိုင်းသောကြောင့် ပြည်ပမှ  လာရောက်ဖြေရှင်းရန် ပြည်ပအားကိုးခြင်း ဖြစ်သည် ။   ရခိုင်ပြည်နယ် အရေးတွင် ယခင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်၌ စုံစမ်းရေးကော်မရှင် ဖွဲ့ စည်းခဲ့ သည် ။
 သမ္မတဦးသိန်းစိန် လက်ထက်က ဖွဲ့ စည်းခဲ့ သော ၄င်းတို့ ပါဝင်သည့် စုံစမ်းရေးကော်မရှင် ကို လူထုက လက်ခံသည် ။ စုံစမ်းရေးကိစ္စတွင်လည်း ပြည်သူအများက ပူးပေါင်းပါဝင်ခဲ့ သည် ။ သို့ ဖြစ်၍ ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ သည် ။
ယခုတဖန် အမျိုးသားဒီမိုကရေစီအဖွဲ့ က  ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရဖွဲ့ လာသည် ။ နောက်ရခိုင်ပြည်နယ်အရေးအဖွဲ့ တဖွဲ့ ကို  နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ဖွဲ့ စည်းသည် ။  ဖွဲ့ စည်းသော်လည်း ဘာမျှ မလုပ်မကိုင် - လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ နာမည်ခံ အဖွဲ့ အစည်းတခုအဖြစ်သာ မြင်တွေ့ ရသည် ။
မနေ့ တနေ့ ကမူ ရခိုင်ပြည်နယ်အရေးအတွက် နိုင်ငံခြားသားများပါသော အဖွဲ့ တခုကိုဖွဲ့ ပြန်သည် ။ ကုလသမ္မဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဟု သတင်းထဲမှာ ဖေါ်ပြထားသည် ။  မစ္စတာကိုဖီအာနန်သည် သူ၏ ချက်မြုပ် မွေးဖွားရာ ဂါနာနိုင်ငံကို ဖွံ့ ဖြိုးတိုးတက်အောင် လုပ်နိုင်သော သူမဟုတ်ချေ ။ ဂါနာနိုင်ငံသည် မြန်မာနိုင်ငံထက်ပင် ဆင်းရဲတွင်း နက်နေသော တိုင်းပြည်ဖြစ်နေသည် ။
---------------------                  -----------             -----------------
ကျွန်တော်ပြောချင်သည်မှာ ရခိုင်ပြည်နယ် ပဋိပက္ခအရေးကို ဖြေရှင်းရန် မြန်မာနိုင်ငံ အစိုးရသည် စုံစမ်းစစ်ဆေးရေး ကော်မရှင်သုံးခု ဖွဲ့ စည်းပြီးခဲ့ ပြီ ။ ပထမ ကော်မရှင်သည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဖြစ်သည် ။ ၄င်းအစီရင်ခံစာကို အကောင်အထည် မဖေါ်ဆောင်ခဲ့ ကြသော်လည်း ၄င်းအစီရင်ခံစာကို ရခိုင်လူမျိုးတရပ်လုံးကလက်ခံထားသည် ။
အဘယ့်ကြောင့်ဆိုသော် စုံစမ်းရေးကော်မရှင်မှာ ပါဝင်သော သူများသည် မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားသော မြန်မာနိုင်ငံသားများ ဖြစ်သည် ။ သူတို့ သည် မြေပြင် ပဋိပက္ခကို ရင်ဘတ်နှင့် ထိတွေ့ ကာ ခံစားရင်းနှီးသူများ ဖြစ်သည် ။
ယခုနိုင်ငံတကာမှ ပါဝင်သည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့ စည်းပေးလိုက်သော စုံစမ်းရေးကော်မရှင်ကို ပြည်သူလူထုတို့ က လက်မခံကြပေ ။   မိမိတို့ ပြည်တွင်းရေးကို ပြည်ပမှ ချယ်လှယ်မည့် အရေးကို မလိုလားကြခြင်း ဖြစ်သည် ။
 ယခုကော်မရှင်မှာပါဝင်သော ပုဂ္ဂိုလ်များသည် ရခိုင်ပြည်နယ်တွင် လက်ရေတပြင်စီး လာရောက်နေထိုင်ကာ လေ့လာသုတေသနပြု နိုင်သည့် သူများ မဟုတ်ချေ ။ တရက်တန်သည် တလတန်သည် နေချင်သည့် စိတ်နေသဘောထားလည်း ရှိကြသူများ မဟုတ်ကြချေ ။
ဆိုကြပါစို့ - ရခိုင်ပြည်နယ်မှ ရခိုင်လူမျိုးတို့ ၏ သမိုင်းမှန်ကို မသိရှိခြင်း - သမိုင်းလိမ်ဘင်္ဂလီများ၏ သမိုင်းညာကို သိရှိဖတ်နေရခြင်း တို့ ဖြင့်  မစ္စတာကိုဖီအာနန်တို့ က လေ့လာနေကြ-သုတေသန ပြု ကြဖြစ်နေကြလျှင် ရခိုင်ပြည်နယ်သည် နောင်မကြာခင် မူဆလင်ကိုးကွယ်သည့်  ဘင်္ဂလီနယ်မြေ ဖြစ်သွားနိုင်သည် ။ အကြောင်းမှာ -၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်သိမ်းရမည်ဟု လက်ရှိ ကုလသမ္မဂ အတွင်းရေးမှူး ဘန်ကီမွန်းက ကုလသမ္မဂ ညီလာခံမှာ တရားဝင် တင်ပြ ထားသည် ။
ထို့ ကြောင့် ကုလသမ္မဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကလည်း သူ၏ ခြေရာအတိုင်း လေသံထွက်လာမည့် သမိုင်းလိမ်စာအုပ် စာတမ်း-အချက်အလက်များကို ဖတ်ရှူယင်း မြန်မာနိုင်ငံ၏  ပကတိအခြေအနေများကို မူဆလင်လွှမ်းမိုးသော နိုင်ငံဖြစ်အောင် ဖန်တီးသွားလိမ့်မည် ဖြစ်သည် ။
အထူးသဖြင့်  နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်သမိုင်းအစစ်အမှန် စာအုပ်စာတမ်းများကို အချိန်ကုန်ခံ လေ့လာဆည်းပူးရန်လိုသည် ။  မဆည်းပူးရဘဲနှင့် နိုင်ငံတကာက ပုဂ္ဂိုလ်များကို လေ့လာရန် ကော ရခိုင်သမိုင်းအစစ်အမှန်များကို ပေးအပ်ခဲ့ ပြီလား ဆိုတာက ရှိနေပြန်သေးသည် ။     မည်သည့်အတွက် ဆိုရလျှင် ယခုအချိန်သည် သမိုင်းအစစ်အမှန် တိုက်ပွဲကို ရင်ဆိုင်ဖြေရှင်း ရမည့် ကာလ ဖြစ်သည် ။
ရခိုင်ပြည်နယ်အရေးပဋိပက္ခသည် ယခုအချိန်တွင် အရေးကြီးသည်ဟု ဆိုလျှင် ရခိုင်သမိုင်းကို ဇစ်ဇစ်မြစ်မြစ် အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က  မည်သည့် ရခိုင်သမိုင်းပညာရှင်များနှင့်ကော မျက်နာချင်းဆိုင် တိုင်ပင် ဆွေးနွေးခဲ့ ဖူးပြီလား- သို့ တည်း မဟုတ် နိုင်ငံခြားသား သမိုင်းသုတေသီ  ရခိုင်သမိုင်းကျွမ်းကျင်သူများနှင့်ကော တွေ့ ဆုံ ဆွေးနွေးညှိနိုင်းပြီးပြီလား
ဆိုသည်ကို  မေးစမ်းလိုသည် ။
အနောက်နိုင်ငံသားတို့ သည် ရခိုင်သမိုင်းနှင့် ပတ်သက်သော  စာအုပ်စာတမ်းများကို လက်ခံရရှိရန် အရေးကြီးသည် ။    ထို့ ကြောင့် ဂျာမဏီမှ ရခိုင်သမိုင်းပညာရှင် ဆရာ ဦးခင်မောင်စော၏  အသံမဲ့ နေသော ရခိုင်လူမျိုးများဟု အမည်ရသည့် စာမျက်နာ-၄၀၀-ခန့် ရှိသည့်  အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေမည့် စာအုပ်ကို ယနေ့ ပင်လျှင် စတင် ပုံနှိပ် ခိုင်းလိုက်ပြီ ဖြစ်သည် ။
၎င်းစာအုပ်ကို ကျွန်တော်သည် အချိန်ကုန် ငွေကုန်ကြေးကျခံကာ ရခိုင်လူမျိုးတို့ ၏ သမိုင်းမှန်နှင့် သမိုင်းလိမ်ဘင်္ဂလီလူမျိုးတို့ ၏ သရုပ်မှန် ဘ၀ကို မီးမောင်းထိုးပြစေရန် ရေးထားသည့် စာအုပ်ကို ဖြန့် ချီထုတ်ဝေရခြင်း ဖြစ်သည်။
ကျွန်တော်သည် စာရေးဆရာ တဦးဖြစ်သည် ။ ကဗျာဆရာတဦးဖြစ်သည် ။  သမိုင်းသုတေသီ တဦး မဟုတ်ပေ ။ သို့ သော် မွေးရာပါ ရခိုင်သမိုင်းကို သိရှိသော ရခိုင်လူမျိုးတဦး ဖြစ်သည် ။
ယခုအချိန်တွင် အမေရိကန် နိုင်ငံသား ခံယူထားသူဖြစ်သည် ။ ကျွန်တော့်စိတ်အရင်းခံအတိုင်း ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် ကျွန်တော် ထုတ်ဝေသော ဤစာအုပ်ကို လုံးဝ လက်ခံ ဖတ်ရှုရန်သင့်သည်ဟု မြင်သည် ။ ပြီးတော့ အနောက်နိုင်ငံသားတို့ ကိုလည်း ဤစာအုပ်ကို ဖြန့် ချီမည် ဖြစ်သည် ။
ဤစာအုပ်သည် ဖရုသ၀ါ မပါသလို အမုန်းစကားတွေကိုလည်း ရေးသားဖေါ်ပြထားခြင်း မဟုတ်ချေ ။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့ စည်းသော ဤကော်မရှင်တွင် ပြည်ပနိုင်ငံရောက်  ဒုက္ခသည် အမည်ခံ လူများ၏ ပင်ရင်းနှိုင်ငံအကြောင်း လေ့လာရေး ပြု စုသုတေသန လည်း ပါဝင်နေသည် ။
 ကျွန်တော့်အနေဖြင့် ရခိုင်သမိုင်းအမှန် စာအုပ်ကို ဤအကြိမ်၌ ထုတ်ဝေပေးရခြင်းသည် ရခိုင်လူမျိုးကို၎င်း- ရခိုင်ပြည်နယ်ကို၎င်း-မြန်မာနိုင်ငံကို၎င်း  -မူဆလင်ဘာသာဝင်များ ကိုးကွယ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိရန် ကြိုးပမ်းနေခြင်းအား မျိုးချစ်စိတ်ကို အရင်းခံ ကာကွယ်ပေးလိုက်ရပြီဟု သေချာပေါက်ပြောရဲသည် ။
------------------                        -------------            ------------------
မြန်မာနိုင်ငံမှာ လာမည့်-၂၁-ရာစုပင်လုံညီလာခံထိ မစောင့်ဆိုင်းဘဲ ရခိုင်ပြည်နယ် ပဋိပက္ခငြိမ်းချမ်းရေးအတွက် နိုင်ငံခြားသားများကို ပါဝင်ဖွဲ့ စည်းစေခြင်းအား ကြေညာလိုက်ရာ ၄င်းတို့ ထံသို့  ရခိုင်သမိုင်းစာအုပ်စာတန်းများကို ပေးပို့ နိုင်တော့မည် ဖြစ် သည် ။ အဘယ့်ကြောင့်ဆိုသော်  --၂၁-ရာစုပင်လံညီလာခံတွင် ဤရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ လက်မခံကြောင်းကို တရားဝင် ထုတ်ဖေါ်၍ ရသွားသည် ။
တချိန်တည်းမှာပင် -၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို နိုင်ငံတော်ဥပဒေအတိုင်း ဆောင်ရွက်ရန် ညီလာခံမှ တိုက်တွန်းသွားနိုင်သည် ။   ၁၉၈၂-ခုနှစ် နိုင်ငံသား ဖြစ်မှု ဆိုင်ရာ ဥပဒေကို အကောင်အထည် မဖေါ်နိုင်ဘဲ ဤအတိုင်း ရခိုင်ပြည်နယ်ပဋိပက္ခကို ဆက်လက်မီးမွှေး ပြသနာ ဖန်တီးနေမည့် အစိုးရဆိုပါက ချက်ချင်း အစိုးရအဖြစ်မှ နုတ်ထွက်ပေးရန်သာ ရှိတော့သည် ။
အဘယ့်ကြောင့်ဆိုသော် အစိုးရသည် နိုင်ငံကို တည်ငြိမ် အောင် ဆောင်ရွက်ရမည့် အဖွဲ့ အစည်းဖြစ်သည် ။  တည်ငြိမ်အောင် မဆောင်ရွက်နိုင်သော အစိုးရကို ပြည်သူတရပ်လုံးသည် ခါးစည်းကာ နေ၍ မခံသင့်ပေ ။
မြန်မာနိုင်ငံတွင် ပြသနာ ပဋိပက္ခ နှစ်ချက် ရှိသည် ။ ၄င်းမှာ သမိုင်းလိမ်ဘင်္ဂလီလူမျိုးတို့ က -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေကို ချိုးဖေါက်ခြင်း ဖြစ်သည် ။ နောက်တခုမှာ လက်နက်ကိုင် ပဋိပက္ခကို ငြိမ်းချမ်းရေး မလုပ်နိုင်ဘဲ နေ့ ည ပစ်ခပ် တိုက်ပွဲတွေ ဖြစ်ပွားနေကြ- သေကြေနေကြ၍ ဖြစ်သည် ။
၂၁-ရာစုပင်လုံညီလာခံ ပြည်တွင်းငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများက တက်ရောက်လာခြင်းသည် သမိုင်းဝင်သည် ။  မည်သူတက်တက် မတက် ။ မြန်မာနိုင်ငံ သမိုင်းဝင်ပင်လုံညီလာခံဟု  မော်ကွန်းထိုးရစ်မည် ။
သို့ သော် ညီလာခံ တက်ရောက်သူများက စာတမ်းများကို အာပေါက်အောင် ဖတ်ကြားပြကြပြီး အခန်းအနားပြီးဆုံးလျှင် ဆုံးဖြတ်ချက်ကို လက်မှတ် မထိုးကြသောအခါ ၄င်းစာတမ်းများသည် အမှိုက်ပုံးကို ရောက်သွားမည်သာ ဖြစ်သည် ။ တက်ရောက်သူများက လဘက်ရည်သောက် ဓါတ်ပုံရိုက်နှင့် ရွာပြန်ကြရတော့မည် ။
ညီလာခံသို့ တက်ရောက်ပြီး ၄င်းညီလာခံအကြောင်းကို ကုလသမ္မဂညီလာခံမှာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ညီလာခံ ပြု လုပ်ပြီး ဖြစ်သောကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းပါပြီဟု နိုင်ငံတော်အတိုင်ပင်ခံက ကြေညာချင် ကြေညာမည် ။  ကမ္ဘာ့ နိုင်ငံအသီးသီးက ကောင်းချီး သြဘာ ပေးကြမည် ။ ကုလသမ္မဂ အတွင်းရေးမှူး ဘန်ကီမွန်းကလည်း  သူကိုယ်တိုင် တက်ရောက်ခဲ့ သော ညီလာခံ အကြောင်းကို ချီးမွှမ်း ပြောဆို ကြေညာပေးမည် ။
ယင်းအချိန် ၌--------။။။။
သို့ ဖြစ်လင့်ကစား -------
တိုက်ပွဲတွေက ကချင်ပြည် နယ် ဖက်မှာ ဖြစ်နေသည် ။
တိုက်ပွဲတွေက ရှမ်းပြည်နယ် ဖက်မှာ ဖြစ်နေသည် ။
တိုက်ပွဲတွေက ရခိုင်ပြည်နယ်ဖက်မှာ ဖြစ်နေသည် ။
ဤကဲ့ သို့  ပဋိပက္ခ အချက်-၂-ချက်ကို မဖြေရှင်းနိုင်ဘဲ  ကုလသမ္မဂထိ လိမ်ညာရမည့် အရေးမှာ နိုင်ငံတကာက ပုဂ္ဂိုလတွေကိုရော အသုံးမချသင့်ဟု မြင်သည် ။
အစိုးရဆိုသည်မှာ  အုပ်ချုပ်ခံ ပြည်သူလူထု တရပ်လုံး၏ ဆန္ဒကို အကောင်အထည် ဖေါ်ဆောင်ရသည် ။
လက်ယာလက်ဖြင့် အ၀တ်အစားကို ပေးအံ့ -လက်ဝဲလက်ဖြင့် စားနပ်ရိက္ခာကို ငါပေးအံ့  ------။။။။။
ခိုင်အောင်ကျော်  (  နယူးယောက်  )
( ရှယ်ယာပေးကြပါရန် )
No comments:
Post a Comment