RT News
24 .8 2016
မောင်တော ။ ။ ရခိုင်ပြည်နယ် ၊ မောင်တော မြို့နယ်မြောက်ပိုင်း ၊ စံကားပင်ရင်း အခြေစိုက် နယ်ခြားစောင့်စခန်းမှ နယ်ခြားစောင့်တပ် တစ်ချို့ နှင့် စံကားပင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်းပြီး ၊ မင်းကြီးကျေးရွားသို့ မနေ့က နံနက် ၈:၀၀နာရီအချိန်တွင်လာရောက် ကာ ရိုဟင်ဂျာလူးမျိုးတို့၏ နေအိမ်တစ်ချို့ကို အမှုန့်ခြယ် ပျက်စီးသွားခဲ့တယ်လို့ သိရပါသည် ။
၂၀၁၆၊ ဩဂုတ် လ ၂၃ ရက် ဗုဒ္ဓဟူးနေ့၊ စံကားပင်ရင်းကျေရွာ အုပ်ချုပ်ရေးမှူး တို့အဖွဲ့သည် မင်းကြီးကျေးရွာ အုပ်စု တူလာတူလီ ရွာသို့ နံနက် ၈ နာရီလောက်တွင် မနှစ်က သဘာဝ ဘေးအန္တရယ် နှင့်တွေ့ကြုံခံရ၍ ပြောင်းရွှေး ပြီးဆောက်လုပ်ထားသော ရိုဟင်ဂျာ လူမျိုးတို့၏ နေအိမ် သုံးအိမ်ကို အပြီးပျက်စီးခဲ့ရပါသည်။
ပျက်စီးခံခဲ့ရသည့် နေအိမ်များမှာ ယခင်အုပ်ချုပ်ရေးမှူး တို့နှင့် ဌာနဆိုင်ရာ ပေါင်းစုံမှ ခွင့်ပြုချက်များ ယူပြီး ယခင်အိမ်ရာမြေအား ရေးတိုက်ခံရ၍ ချောင်းကမ်းထဲ ပြိုသွားသဖြင့် စံကားပင်ရင်း ကွင်းပိုင်ထဲတွင် အိမ်ပိုင်ရှင် များကိုယ်စီပိုင်ဆိုင်သော စားကျက် မြေများ၌တောင်ထိပ်တောင်ဘို့တို့ကို အိမ်ရာအဖြစ်တူးပြီး ပြောင်းရွှေး ဆောက်လုပ်ထားသော နေအိမ်များဖြစ်သည်ဟု အိမ်ပျက်စီးခံရသူများနှင့် နီးစပ်သည့် အမည်မပေါ်လို့သူ တစ်ဦး၏ ပြောပြချက်အရသိရပါသည်။ အိမ်များဆောက်လုပ်ပြီးစီး သွားသည်မှာ အနည်းဆုံး ၅ လ လောက်ရှိသည်ဟု ဒေသခံများကပြောပါသည်။
ဤသို့ လာရောက်ပျက်စီး ရာတွင်လည်း အုပ်ချုပ်ရေးမှူးက မည်သည့် အကြောင်းမကြားဘဲ အကြမ်းဖက်သဖွယ် လက်နက်များပေါင်းစုံ ပါ တပါတည်းယူဆောင်လာပြီး မည်သူတစ်ဦးကိုမှ ကြည့်ရှုခွင့်မပေး ဘဲ တစ်အိမ်ပြီးတစ်အိမ် ပျက်ရသဖြင့် ညနေ ၄ နာရီတွင် တစ်ခုမကျန် ကျက်စီးခဲ့ကြောင်းသိရပါသည် ။
ပျက်စီးခံခဲ့ရသည့် အိမ်ပိုင်ရှင်များမှာ
( ၁ ) ဟာဂျီ ဦးဇာဖော့ရ်အာလောမ် ( မင်းကြီး )
( ၂ ) ဦး မော်ဆောန်အာလီ ( မင်းကြီး )
( ၃ ) ဦး မာမတ်ဟူဆိန်း ( မင်းကြီး )
တို့ဖြစ်ပါသည်။


No comments:
Post a Comment