RT News
27 Aug 2016 .
ရခိုင်ပြည်နယ်အရေးနှင့် ပါတ်သက်၍ နိုင်ငံတကာမှ ပုဂ္ဂိုလ်တွေကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ သည် ။ ထို့ ကြောင့် ဤသည်ကို ရခိုင်အမျိုးသားပါတီက ကွန့် ကွက်သည် ။ ပြည်ခိုင်ဖြိုးပါတီက ကန့် ကွက်သည် ။ အမျိုးသားဒီမိုကရေစီအင်အားစုအဖွဲ့ က ကန့် ကွက်သည် ။ ကန့် ကွက်သော ဤအဖွဲ့ အစည်းတို့ မှာ မြန်မာနိုင်ငံအတွင်း၌ အင်အားအကြီးမားဆုံး ဖြစ်သည် ။
သူတို့ နောက်တွင် ပြည်သူတွေ ရှိနေသည် ။
ဆရာတော်ရဟန်းင်္သဃာတော်များကမူ ယခုအချိန်ထိ ကန့် ကွက်စာ မထုတ်ပြန်ကြသေး ။
မည်သို့ ပင်ဆိုစေ မြန်မာနိုင်ငံအစိုးရ၏ ယခုလုပ်ရပ်သည် မိမိတို့ ပြည်တွင်းရေးကို မနိုင်မနိုင်းသောကြောင့် ပြည်ပမှ လာရောက်ဖြေရှင်းရန် ပြည်ပအားကိုးခြင်း ဖြစ်သည် ။ ရခိုင်ပြည်နယ် အရေးတွင် ယခင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်၌ စုံစမ်းရေးကော်မရှင် ဖွဲ့ စည်းခဲ့ သည် ။
ဒေါက်တာကျော်ရင်လှိုင် -ဒေါက်တာယဉ်ယဉ်နွယ်တို့  ဦးလှမောင်ရွှေ-ဇါဂနာ-ကိုကိုကြီး-မောင်ဝံသ- ဒေါက်တာအေးမောင်-ဦးအေးသာအောင် စသည့်  ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်းများ ပါဝင်ခဲ့ သည် ။ နယူးယောက်မြို့ ရှိ ဆရာမောင်စွမ်းရည်အိမ်၌ ဒေါက်တာကျော်ရင်လှိုင်နှင့် ဦးလှမောင်ရွှေတို့ သည် ကျွန်တော်နှင့် တွေ့ ဆုံခဲ့ ရာ ရခိုင်ပြည်နယ်ပဋိပက္ခအရေးစုံစမ်းရေး ကော်မရှင်အကြောင်းနှင့် ရှင်းလင်းပြောဆိုပြခဲ့ သည် ။ ထိုစဉ်က သူတို့ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ မထွက်သေး ။
သမ္မတဦးသိန်းစိန် လက်ထက်က ဖွဲ့ စည်းခဲ့ သော ၄င်းတို့ ပါဝင်သည့် စုံစမ်းရေးကော်မရှင် ကို လူထုက လက်ခံသည် ။ စုံစမ်းရေးကိစ္စတွင်လည်း ပြည်သူအများက ပူးပေါင်းပါဝင်ခဲ့ သည် ။ သို့ ဖြစ်၍ ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ သည် ။
ယခုတဖန် အမျိုးသားဒီမိုကရေစီအဖွဲ့ က ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရဖွဲ့ လာသည် ။ နောက်ရခိုင်ပြည်နယ်အရေးအဖွဲ့ တဖွဲ့ ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ဖွဲ့ စည်းသည် ။ ဖွဲ့ စည်းသော်လည်း ဘာမျှ မလုပ်မကိုင် - လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ နာမည်ခံ အဖွဲ့ အစည်းတခုအဖြစ်သာ မြင်တွေ့ ရသည် ။
မနေ့ တနေ့ ကမူ ရခိုင်ပြည်နယ်အရေးအတွက် နိုင်ငံခြားသားများပါသော အဖွဲ့ တခုကိုဖွဲ့ ပြန်သည် ။ ကုလသမ္မဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဟု သတင်းထဲမှာ ဖေါ်ပြထားသည် ။ မစ္စတာကိုဖီအာနန်သည် သူ၏ ချက်မြုပ် မွေးဖွားရာ ဂါနာနိုင်ငံကို ဖွံ့ ဖြိုးတိုးတက်အောင် လုပ်နိုင်သော သူမဟုတ်ချေ ။ ဂါနာနိုင်ငံသည် မြန်မာနိုင်ငံထက်ပင် ဆင်းရဲတွင်း နက်နေသော တိုင်းပြည်ဖြစ်နေသည် ။
--------------------- ----------- -----------------
ကျွန်တော်ပြောချင်သည်မှာ ရခိုင်ပြည်နယ် ပဋိပက္ခအရေးကို ဖြေရှင်းရန် မြန်မာနိုင်ငံ အစိုးရသည် စုံစမ်းစစ်ဆေးရေး ကော်မရှင်သုံးခု ဖွဲ့ စည်းပြီးခဲ့ ပြီ ။ ပထမ ကော်မရှင်သည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဖြစ်သည် ။ ၄င်းအစီရင်ခံစာကို အကောင်အထည် မဖေါ်ဆောင်ခဲ့ ကြသော်လည်း ၄င်းအစီရင်ခံစာကို ရခိုင်လူမျိုးတရပ်လုံးကလက်ခံထားသည် ။
အဘယ့်ကြောင့်ဆိုသော် စုံစမ်းရေးကော်မရှင်မှာ ပါဝင်သော သူများသည် မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားသော မြန်မာနိုင်ငံသားများ ဖြစ်သည် ။ သူတို့ သည် မြေပြင် ပဋိပက္ခကို ရင်ဘတ်နှင့် ထိတွေ့ ကာ ခံစားရင်းနှီးသူများ ဖြစ်သည် ။
ယခုနိုင်ငံတကာမှ ပါဝင်သည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့ စည်းပေးလိုက်သော စုံစမ်းရေးကော်မရှင်ကို ပြည်သူလူထုတို့ က လက်မခံကြပေ ။ မိမိတို့ ပြည်တွင်းရေးကို ပြည်ပမှ ချယ်လှယ်မည့် အရေးကို မလိုလားကြခြင်း ဖြစ်သည် ။
ယခုကော်မရှင်မှာပါဝင်သော ပုဂ္ဂိုလ်များသည် ရခိုင်ပြည်နယ်တွင် လက်ရေတပြင်စီး လာရောက်နေထိုင်ကာ လေ့လာသုတေသနပြု နိုင်သည့် သူများ မဟုတ်ချေ ။ တရက်တန်သည် တလတန်သည် နေချင်သည့် စိတ်နေသဘောထားလည်း ရှိကြသူများ မဟုတ်ကြချေ ။
အနောက်နိုင်ငံသားတို့ သည် စာအုပ်စာတမ်းများ-အချက်အလက်များကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လက်ခံရယူပြီး ၄င်းစာအုပ်စာတမ်း အချက်အလက်များကို ကိုးကားကာ အဆုံးအဖြတ် ပေးတတ်သည့် အလေ့အကျင့်ကို မွေးမြူ ထားသည့် သူများ ဖြစ်သည် ။ ကျွန်တော်သည် အနောက်နိုင်ငံဖြစ်သည့် အမေရိကပြည်ထောင်စု၏ နယူးယောက်မြို့ ကြီးတွင် နေထိုင်သူဖြစ်ရာ အနောက်နိုင်ငံသားတို့ ၏ ဓလေ့ထုံးတမ်းအစဉ်အလာကို ခန့် မှန်း နောကြေနေသည့် သူတယောက်ဖြစ်၍ သိရှိနေသူ ဖြစ်သည် ။
ဆိုကြပါစို့ - ရခိုင်ပြည်နယ်မှ ရခိုင်လူမျိုးတို့ ၏ သမိုင်းမှန်ကို မသိရှိခြင်း - သမိုင်းလိမ်ဘင်္ဂလီများ၏ သမိုင်းညာကို သိရှိဖတ်နေရခြင်း တို့ ဖြင့် မစ္စတာကိုဖီအာနန်တို့ က လေ့လာနေကြ-သုတေသန ပြု ကြဖြစ်နေကြလျှင် ရခိုင်ပြည်နယ်သည် နောင်မကြာခင် မူဆလင်ကိုးကွယ်သည့်  ဘင်္ဂလီနယ်မြေ ဖြစ်သွားနိုင်သည် ။ အကြောင်းမှာ -၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်သိမ်းရမည်ဟု လက်ရှိ ကုလသမ္မဂ အတွင်းရေးမှူး ဘန်ကီမွန်းက ကုလသမ္မဂ ညီလာခံမှာ တရားဝင် တင်ပြ ထားသည် ။
ထို့ ကြောင့် ကုလသမ္မဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကလည်း သူ၏ ခြေရာအတိုင်း လေသံထွက်လာမည့် သမိုင်းလိမ်စာအုပ် စာတမ်း-အချက်အလက်များကို ဖတ်ရှူယင်း မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို မူဆလင်လွှမ်းမိုးသော နိုင်ငံဖြစ်အောင် ဖန်တီးသွားလိမ့်မည် ဖြစ်သည် ။
သည်တော့ မြန်မာနိုင်ငံသားတို့ အဖို့  လုပ်စရာ တခုသာ ရှိသည် ။ ယခုကိုဖီအာနန် ပါဝင်သော ဤအဖွဲ့ ကို လုံးဝလက်မခံဘဲ တနိုင်ငံလုံး လမ်းပေါ်ထွက် ဆန္ဒပြ ကန့် ကွက်ရုံသာ ရှိတော့သည် ။
အထူးသဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်သမိုင်းအစစ်အမှန် စာအုပ်စာတမ်းများကို အချိန်ကုန်ခံ လေ့လာဆည်းပူးရန်လိုသည် ။ မဆည်းပူးရဘဲနှင့် နိုင်ငံတကာက ပုဂ္ဂိုလ်များကို လေ့လာရန် ကော ရခိုင်သမိုင်းအစစ်အမှန်များကို ပေးအပ်ခဲ့ ပြီလား ဆိုတာက ရှိနေပြန်သေးသည် ။ မည်သည့်အတွက် ဆိုရလျှင် ယခုအချိန်သည် သမိုင်းအစစ်အမှန် တိုက်ပွဲကို ရင်ဆိုင်ဖြေရှင်း ရမည့် ကာလ ဖြစ်သည် ။
ရခိုင်ပြည်နယ်အရေးပဋိပက္ခသည် ယခုအချိန်တွင် အရေးကြီးသည်ဟု ဆိုလျှင် ရခိုင်သမိုင်းကို ဇစ်ဇစ်မြစ်မြစ် အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မည်သည့် ရခိုင်သမိုင်းပညာရှင်များနှင့်ကော မျက်နာချင်းဆိုင် တိုင်ပင် ဆွေးနွေးခဲ့ ဖူးပြီလား- သို့ တည်း မဟုတ် နိုင်ငံခြားသား သမိုင်းသုတေသီ ရခိုင်သမိုင်းကျွမ်းကျင်သူများနှင့်ကော တွေ့ ဆုံ ဆွေးနွေးညှိနိုင်းပြီးပြီလား
ဆိုသည်ကို မေးစမ်းလိုသည် ။
အနောက်နိုင်ငံသားတို့ သည် ရခိုင်သမိုင်းနှင့် ပတ်သက်သော စာအုပ်စာတမ်းများကို လက်ခံရရှိရန် အရေးကြီးသည် ။ ထို့ ကြောင့် ဂျာမဏီမှ ရခိုင်သမိုင်းပညာရှင် ဆရာ ဦးခင်မောင်စော၏ အသံမဲ့ နေသော ရခိုင်လူမျိုးများဟု အမည်ရသည့် စာမျက်နာ-၄၀၀-ခန့် ရှိသည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေမည့် စာအုပ်ကို ယနေ့ ပင်လျှင် စတင် ပုံနှိပ် ခိုင်းလိုက်ပြီ ဖြစ်သည် ။
၎င်းစာအုပ်ကို ကျွန်တော်သည် အချိန်ကုန် ငွေကုန်ကြေးကျခံကာ ရခိုင်လူမျိုးတို့ ၏ သမိုင်းမှန်နှင့် သမိုင်းလိမ်ဘင်္ဂလီလူမျိုးတို့ ၏ သရုပ်မှန် ဘ၀ကို မီးမောင်းထိုးပြစေရန် ရေးထားသည့် စာအုပ်ကို ဖြန့် ချီထုတ်ဝေရခြင်း ဖြစ်သည်။
ကျွန်တော်သည် စာရေးဆရာ တဦးဖြစ်သည် ။ ကဗျာဆရာတဦးဖြစ်သည် ။ သမိုင်းသုတေသီ တဦး မဟုတ်ပေ ။ သို့ သော် မွေးရာပါ ရခိုင်သမိုင်းကို သိရှိသော ရခိုင်လူမျိုးတဦး ဖြစ်သည် ။
ယခုအချိန်တွင် အမေရိကန် နိုင်ငံသား ခံယူထားသူဖြစ်သည် ။ ကျွန်တော့်စိတ်အရင်းခံအတိုင်း ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် ကျွန်တော် ထုတ်ဝေသော ဤစာအုပ်ကို လုံးဝ လက်ခံ ဖတ်ရှုရန်သင့်သည်ဟု မြင်သည် ။ ပြီးတော့ အနောက်နိုင်ငံသားတို့ ကိုလည်း ဤစာအုပ်ကို ဖြန့် ချီမည် ဖြစ်သည် ။
ဤစာအုပ်သည် ဖရုသ၀ါ မပါသလို အမုန်းစကားတွေကိုလည်း ရေးသားဖေါ်ပြထားခြင်း မဟုတ်ချေ ။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့ စည်းသော ဤကော်မရှင်တွင် ပြည်ပနိုင်ငံရောက် ဒုက္ခသည် အမည်ခံ လူများ၏ ပင်ရင်းနှိုင်ငံအကြောင်း လေ့လာရေး ပြု စုသုတေသန လည်း ပါဝင်နေသည် ။
ကျွန်တော့်အနေဖြင့် ရခိုင်သမိုင်းအမှန် စာအုပ်ကို ဤအကြိမ်၌ ထုတ်ဝေပေးရခြင်းသည် ရခိုင်လူမျိုးကို၎င်း- ရခိုင်ပြည်နယ်ကို၎င်း-မြန်မာနိုင်ငံကို၎င်း -မူဆလင်ဘာသာဝင်များ ကိုးကွယ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိရန် ကြိုးပမ်းနေခြင်းအား မျိုးချစ်စိတ်ကို အရင်းခံ ကာကွယ်ပေးလိုက်ရပြီဟု သေချာပေါက်ပြောရဲသည် ။
------------------ ------------- ------------------
မြန်မာနိုင်ငံမှာ လာမည့်-၂၁-ရာစုပင်လုံညီလာခံထိ မစောင့်ဆိုင်းဘဲ ရခိုင်ပြည်နယ် ပဋိပက္ခငြိမ်းချမ်းရေးအတွက် နိုင်ငံခြားသားများကို ပါဝင်ဖွဲ့ စည်းစေခြင်းအား ကြေညာလိုက်ရာ ၄င်းတို့ ထံသို့  ရခိုင်သမိုင်းစာအုပ်စာတန်းများကို ပေးပို့ နိုင်တော့မည် ဖြစ် သည် ။ အဘယ့်ကြောင့်ဆိုသော် --၂၁-ရာစုပင်လံညီလာခံတွင် ဤရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ လက်မခံကြောင်းကို တရားဝင် ထုတ်ဖေါ်၍ ရသွားသည် ။
တချိန်တည်းမှာပင် -၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို နိုင်ငံတော်ဥပဒေအတိုင်း ဆောင်ရွက်ရန် ညီလာခံမှ တိုက်တွန်းသွားနိုင်သည် ။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဖြစ်မှု ဆိုင်ရာ ဥပဒေကို အကောင်အထည် မဖေါ်နိုင်ဘဲ ဤအတိုင်း ရခိုင်ပြည်နယ်ပဋိပက္ခကို ဆက်လက်မီးမွှေး ပြသနာ ဖန်တီးနေမည့် အစိုးရဆိုပါက ချက်ချင်း အစိုးရအဖြစ်မှ နုတ်ထွက်ပေးရန်သာ ရှိတော့သည် ။
အဘယ့်ကြောင့်ဆိုသော် အစိုးရသည် နိုင်ငံကို တည်ငြိမ် အောင် ဆောင်ရွက်ရမည့် အဖွဲ့ အစည်းဖြစ်သည် ။ တည်ငြိမ်အောင် မဆောင်ရွက်နိုင်သော အစိုးရကို ပြည်သူတရပ်လုံးသည် ခါးစည်းကာ နေ၍ မခံသင့်ပေ ။
မြန်မာနိုင်ငံတွင် ပြသနာ ပဋိပက္ခ နှစ်ချက် ရှိသည် ။ ၄င်းမှာ သမိုင်းလိမ်ဘင်္ဂလီလူမျိုးတို့ က -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေကို ချိုးဖေါက်ခြင်း ဖြစ်သည် ။ နောက်တခုမှာ လက်နက်ကိုင် ပဋိပက္ခကို ငြိမ်းချမ်းရေး မလုပ်နိုင်ဘဲ နေ့ ည ပစ်ခပ် တိုက်ပွဲတွေ ဖြစ်ပွားနေကြ- သေကြေနေကြ၍ ဖြစ်သည် ။
၂၁-ရာစုပင်လုံညီလာခံ ပြည်တွင်းငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများက တက်ရောက်လာခြင်းသည် သမိုင်းဝင်သည် ။ မည်သူတက်တက် မတက် ။ မြန်မာနိုင်ငံ သမိုင်းဝင်ပင်လုံညီလာခံဟု မော်ကွန်းထိုးရစ်မည် ။
သို့ သော် ညီလာခံ တက်ရောက်သူများက စာတမ်းများကို အာပေါက်အောင် ဖတ်ကြားပြကြပြီး အခန်းအနားပြီးဆုံးလျှင် ဆုံးဖြတ်ချက်ကို လက်မှတ် မထိုးကြသောအခါ ၄င်းစာတမ်းများသည် အမှိုက်ပုံးကို ရောက်သွားမည်သာ ဖြစ်သည် ။ တက်ရောက်သူများက လဘက်ရည်သောက် ဓါတ်ပုံရိုက်နှင့် ရွာပြန်ကြရတော့မည် ။
မြို့ ပေါ်မှာ ကျန်ရစ်သူများက အစိုးရက ပေးသော စီးပွားရေးဂွင်၌ လှုပ်ရှားကာ နေကြပေဦးမည် ။
ညီလာခံသို့ တက်ရောက်ပြီး ၄င်းညီလာခံအကြောင်းကို ကုလသမ္မဂညီလာခံမှာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ညီလာခံ ပြု လုပ်ပြီး ဖြစ်သောကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းပါပြီဟု နိုင်ငံတော်အတိုင်ပင်ခံက ကြေညာချင် ကြေညာမည် ။ ကမ္ဘာ့ နိုင်ငံအသီးသီးက ကောင်းချီး သြဘာ ပေးကြမည် ။ ကုလသမ္မဂ အတွင်းရေးမှူး ဘန်ကီမွန်းကလည်း သူကိုယ်တိုင် တက်ရောက်ခဲ့ သော ညီလာခံ အကြောင်းကို ချီးမွှမ်း ပြောဆို ကြေညာပေးမည် ။
ယင်းအချိန် ၌--------။။။။
သို့ ဖြစ်လင့်ကစား -------
တိုက်ပွဲတွေက ကချင်ပြည် နယ် ဖက်မှာ ဖြစ်နေသည် ။
တိုက်ပွဲတွေက ရှမ်းပြည်နယ် ဖက်မှာ ဖြစ်နေသည် ။
တိုက်ပွဲတွေက ရခိုင်ပြည်နယ်ဖက်မှာ ဖြစ်နေသည် ။
ဤကဲ့ သို့  ပဋိပက္ခ အချက်-၂-ချက်ကို မဖြေရှင်းနိုင်ဘဲ ကုလသမ္မဂထိ လိမ်ညာရမည့် အရေးမှာ နိုင်ငံတကာက ပုဂ္ဂိုလတွေကိုရော အသုံးမချသင့်ဟု မြင်သည် ။
အစိုးရဆိုသည်မှာ အုပ်ချုပ်ခံ ပြည်သူလူထု တရပ်လုံး၏ ဆန္ဒကို အကောင်အထည် ဖေါ်ဆောင်ရသည် ။
မြန်မာရာဇ၀င်မှာ ကျန်စစ်သားမင်းတရားကြီး၏ စကားတခွန်းကား -ဤသို့ ရှိသည် ။
လက်ယာလက်ဖြင့် အ၀တ်အစားကို ပေးအံ့ -လက်ဝဲလက်ဖြင့် စားနပ်ရိက္ခာကို ငါပေးအံ့  ------။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
( နယူးယောက်မြို့ မှာ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်နှင့် ၄င်း- လ၀က ၀န်ကြီး ဗိုလ်ချုပ် ခင်ရီနှင့်၎င်း -၁၉၈၂-နိုင်ငံသားဥပဒေကို အကောင်အထည် ပေါ်ပေါက်ရေးကို ပြောကြားအပြီး မှတ်တမ်းတင် ဓါတ်ပုံ )
( ရှယ်ယာပေးကြပါရန် )
Saturday, August 27, 2016
Wednesday, August 24, 2016
မောင်တောတွင် ၅ ရက်အတွင်း မူးယစ်ဆေး ကျပ်သိန်း ၇၀၀၀ ကျော်ဖိုး ဖမ်းမိ
RT News
24.8.2016
မောင်တော။ ။မာင်တောမြို့နယ်ထဲမှာ ဩဂုတ် ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ WY မူးယစ်စိတ်ကြွဆေးပြား အရေတွက် သုံးသိန်းငါးသောင်းကျော်၊ ဒေသပေါက်ဈေး ကျပ်သိန်း ခုနှစ်ထောင်ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီလောက်မှာ မူးယစ်သတင်းအရ မြို့မရဲစခန်းတာဝန်ရှိသူတွေက မသင်္ကာဖွယ် ဆိုင်ကယ်တစီးကို ရပ်တန့်ရှာဖွေတဲ့အခါ နူရ်အာလောင် ၄၇ နှစ် စီးလာတဲ့ဆိုင်ကယ်မှာ WY တံဆိပ်ပန်းရောင် စိတ်ကြွဆေးပြား လေးသောင်းရှစ်ထောင်ကျော်ကို ဖမ်းမိခဲ့ပြီး မောင်တောမြို့မရဲစခန်းက မယ (ပ) ၈/၂၀၁၆ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/ ၂၁ အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ မြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်ဆန်းညွန့်က ပြောပါတယ်။
မောင်တောမြို့ပေါ်မှာပဲ ဇွန် ၂၂ ရက်နေ့ ညနေပိုင်းမှာလည်း သူတို့ကို ခေတ္တစခန်းမှူးရဲအုပ်ဆန်းညွန့် ဦးဆောင်တဲ့အဖွဲ့က မောင်တောက တောင်ပြိုကိုသွားမယ့် ခရီးသည်တင်ကားတစီးပေါ်မှာ ရှာဖွေစစ်ဆေးတဲ့အခါ ဂျင်ကီး (၂၀) နှစ် သယ်ဆောင်လာတဲ့ ထန်းလျှက်တောင်းထဲက WY တံဆိပ်ပန်းရောင် စိတ်ကြွဆေးပြား တစ်သောင်းနီးပါးကို တွေ့ရှိ ဖမ်းဆီးမိခဲ့ပါတယ်။
အဲ့ဒီကားပေါ်မှာပဲ ဒီလ်မူဟာမောက် (၁၄) နှစ် သယ်ဆောင်လာတဲ့ ထန်းလျှက်တောင်းထဲက. WY တံဆိပ်၊ ပန်းရောင် စိတ်ကြွဆေး လေးသောင်းနီးပါးကို ဖမ်းဆီးရမိခဲ့ပြီး သူတို့ကို မယ (ပ) ၉/ ၂၀၁၆ နဲ့ မယ (ပ) ၁၀/ ၂၀၁၆၊ မူးစိတ် ဥပဒေပုဒ်မ ၁၅/ ၁၉ (က) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဂျင်ကီးရဲ့ ထွက်ဆိုချက်အရ ကွင်းဆက်စုံစမ်းခဲ့တာမှာ ဩဂုတ် ၂၂ ရက်၊ ညနေ ၅း၃၀ မှာ မောင်တောမြို့၊ လသာအောက်ရွာမှာနေတဲ့ မာမက်ဟူဆိန်းရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေချိန် အိမ်နားက ရေကန်ထဲ ပစ်ချေဖြာက်ဖျက်ဖို့ ကြိုးစားတဲ့ WY ပန်းရောင် စိတ်ကြွဆေးပြား တစ်သိန်းကျော်ကို သိမ်းဆည်းရမိတဲ့အတွက် မယ (ပ) ၁၁/၂၀၁၆၊ မူး/စိတ် ဥပဒေ ၁၅/ ၁၉ (က) နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။
ဩဂုတ် ၂၃ ရက်နေ့ နေ့လယ်ပိုင်းကလည်း အမှတ် ၁ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဂိတ်မှာ ရှောင်တခင် စစ်ဆေးမှုလုပ်နေတုန်း စစ်ဆေးမခံပဲ ထွက်ပြေးတဲ့ ပရိုဘောက်ယာဉ်ကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။
ယာဉ်မောင်းဟာ ရေမျက်တောင်ရွာနားမှာ ကားကိုထားပြီး ထွက်ပြေးသွားတဲ့အတွက် ဒုရဲအုပ်အောင်မျိုးထက် ဦးဆောင်တဲ့အဖွဲ့က ကားပေါ်မှာ ရှာဖွေတာမှာ WY တံဆိပ် ပန်းရောင် စိတ်ကြွဆေးပြား တစ်သိန်းလေးသောင်းကျော်ကို နောက်ခန်းကြမ်းပြင် အံဝှက်ထဲမှာ တွေ့ရှိခဲ့လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပြင်ဖြူရဲစခန်းမှာ မယ (ပ) ၁၈/ ၂၀၁၆၊ မုး စိတ် ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရဖို့ ဆောင်ရွက်နေပါတယ်။
၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ မောင်တောမှာ ဖမ်းဆီးရမိတဲ့ ဆေးပြားအရေအတွက် သုံးသိန်းငါးသောင်းကျော်ရှိပြီး ဒေသတန်ဖိုး ကျပ်သိန်း ခုနစ်ထောင်ကျော်ရှိတယ်လို့
သတင်း-ကိုအောင်
ဓာတ်ပုံ- မောင်တောမြို့နယ်ရဲတပ်ဖွဲ့

မောင်တောမြောက်ပိုင်း၊ စံကားပင်ရင်းအုပ်ချုပ်ရေမှူးနှင့်အဖွဲ့ဝင်တစ်ချို့က မင်းကြီးကျေးရွာမှ ရိုဟင်ဂျာ လူမျိုးတစ်ချို့ ၏ နေအိမ်များပျာက်စီး
RT News
24 .8 2016
မောင်တော ။ ။ ရခိုင်ပြည်နယ် ၊ မောင်တော မြို့နယ်မြောက်ပိုင်း ၊ စံကားပင်ရင်း အခြေစိုက် နယ်ခြားစောင့်စခန်းမှ နယ်ခြားစောင့်တပ် တစ်ချို့ နှင့် စံကားပင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်းပြီး ၊ မင်းကြီးကျေးရွားသို့ မနေ့က နံနက် ၈:၀၀နာရီအချိန်တွင်လာရောက် ကာ ရိုဟင်ဂျာလူးမျိုးတို့၏ နေအိမ်တစ်ချို့ကို အမှုန့်ခြယ် ပျက်စီးသွားခဲ့တယ်လို့ သိရပါသည် ။
၂၀၁၆၊ ဩဂုတ် လ ၂၃ ရက် ဗုဒ္ဓဟူးနေ့၊ စံကားပင်ရင်းကျေရွာ အုပ်ချုပ်ရေးမှူး တို့အဖွဲ့သည် မင်းကြီးကျေးရွာ အုပ်စု တူလာတူလီ ရွာသို့ နံနက် ၈ နာရီလောက်တွင် မနှစ်က သဘာဝ ဘေးအန္တရယ် နှင့်တွေ့ကြုံခံရ၍ ပြောင်းရွှေး ပြီးဆောက်လုပ်ထားသော ရိုဟင်ဂျာ လူမျိုးတို့၏ နေအိမ် သုံးအိမ်ကို အပြီးပျက်စီးခဲ့ရပါသည်။
ပျက်စီးခံခဲ့ရသည့် နေအိမ်များမှာ ယခင်အုပ်ချုပ်ရေးမှူး တို့နှင့် ဌာနဆိုင်ရာ ပေါင်းစုံမှ ခွင့်ပြုချက်များ ယူပြီး ယခင်အိမ်ရာမြေအား ရေးတိုက်ခံရ၍ ချောင်းကမ်းထဲ ပြိုသွားသဖြင့် စံကားပင်ရင်း ကွင်းပိုင်ထဲတွင် အိမ်ပိုင်ရှင် များကိုယ်စီပိုင်ဆိုင်သော စားကျက် မြေများ၌တောင်ထိပ်တောင်ဘို့တို့ကို အိမ်ရာအဖြစ်တူးပြီး ပြောင်းရွှေး ဆောက်လုပ်ထားသော နေအိမ်များဖြစ်သည်ဟု အိမ်ပျက်စီးခံရသူများနှင့် နီးစပ်သည့် အမည်မပေါ်လို့သူ တစ်ဦး၏ ပြောပြချက်အရသိရပါသည်။ အိမ်များဆောက်လုပ်ပြီးစီး သွားသည်မှာ အနည်းဆုံး ၅ လ လောက်ရှိသည်ဟု ဒေသခံများကပြောပါသည်။
ဤသို့ လာရောက်ပျက်စီး ရာတွင်လည်း အုပ်ချုပ်ရေးမှူးက မည်သည့် အကြောင်းမကြားဘဲ အကြမ်းဖက်သဖွယ် လက်နက်များပေါင်းစုံ ပါ တပါတည်းယူဆောင်လာပြီး မည်သူတစ်ဦးကိုမှ ကြည့်ရှုခွင့်မပေး ဘဲ တစ်အိမ်ပြီးတစ်အိမ် ပျက်ရသဖြင့် ညနေ ၄ နာရီတွင် တစ်ခုမကျန် ကျက်စီးခဲ့ကြောင်းသိရပါသည် ။
ပျက်စီးခံခဲ့ရသည့် အိမ်ပိုင်ရှင်များမှာ
( ၁ ) ဟာဂျီ ဦးဇာဖော့ရ်အာလောမ် ( မင်းကြီး )
( ၂ ) ဦး မော်ဆောန်အာလီ ( မင်းကြီး )
( ၃ ) ဦး မာမတ်ဟူဆိန်း ( မင်းကြီး )
တို့ဖြစ်ပါသည်။

Subscribe to:
Comments (Atom)